ကော့ကရိတ် ၁၀ ဇွန်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဇွန်လ ၈ ရက်နေ့ ည၈ နာရီ ၅ မိနစ်က အမှတ်(၃)ရပ်ကွက် ရဲစခန်းလမ်းရှိ ဘိုဘိုဖုန်းအရောင်းဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ကြောင့် အနီးအနားရှိ ပြည်သူ ၃ ဦးမှ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး ဒဏ်ရာရရှိသူများကို ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့် ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဒေါ်နန္ဒာဝင်းတို့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၅ သောင်းစီအား သွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)


