ကော့ကရိတ် ၉ မတ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စတုတ္ထအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၈ ရက် မွန်းလွဲ ၃ နာရီက ကော့ကရိတ်မြို့ ကျက်သရေဆောင် ဇိနသုခလောကသရဖူ စေတီတော် မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကော့ကရိတ်မြို့နှင့် အနီးအနားပတ်ဝန်းကျင်ရှိ ပင့်သံဃာ ကျောင်း (၉၂)ကျောင်းမှ ရဟန်းသံဃာ (၉၈၉)ပါး၊ သီလရှင်ကျောင်း (၁၀)ကျောင်းမှ သီလရှင် (၁၁၀)ပါးတို့မှ ဇိနသုခ လောကသရဖူ စေတီတော်မြတ်ကြီးမုခ်ဦးမှစ၍ အမှတ်(၂)ရပ်ကွက်၊ ဆေးရုံကုန်း အထိ ဆွမ်းဆန်စိမ်း လောင်းအလှူခံကြွရောက်ခဲ့ရာ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အစရှိသည့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်/ဆက်)