ကော့ကရိတ် ၇  အောက်တိုဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့အမှတ်(၅)ရပ်ကွက်၊ ရေလယ်ကုန်းကျေးရွာတွင်ယမန်နေ့၊ မွန်းလွဲ ၁နာရီ၄၅မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေးလုံးနှင့် ကျေးရွာပိုင် အဝီစိရေတွင်း တစ်လုံးတို့သည် ခေါင်မိုးများလွှင့်စင်၍ ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ပျက်စီးသွားသော နေအိမ်အဆောက်အဦမှာ ရေလယ်ကုန်းကျေးရွာနေ ဦးငယ်မိုး အုတ်ညှပ်ပျဉ်ကာ သွပ်မိုးနှစ်ထပ်၊ဒေါ်ငြိမ်းဝင်းပျဉ်ခင်းပျဉ်ကာသွပ်မိုးတစ်ထပ်၊ ဦးပြည့်စုံပျဉ်ခင်းထရံကာသွပ်မိုး၊ ဦးနိုင်ဖြူဝင်းပျဉ်ခင်း ပျဉ်ကာသွပ်မိုး၊ ကျေးရွာပိုင် အဝီစိရေတွင်း အုတ်စီသွပ်မိုး အဆောက်အဦတို့သည် လေပြင်းတိုက်ခတ်မှုကြောင့် ထုပ်တန်းသွပ်မိုးများ လွင့်စင်ပျက်စီးခဲ့ပြီး လူတိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)