ကော့ကရိတ် ၇ စက်တင်ဘာ
ကော့ကရိတ်မြို့တွင် လူကုန်ကူးမှုတားဆီးရေးနှင့် လူကုန်ကူးမှုမခံရလေအောင်သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ မြို့ပေါ်ကျေးရွာအခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိသည်။
ယင်းသို့ပြိုင်ပွဲများ ပြုလုပ်ပေးရာတွင် ပညာရေးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ယခုလ ၃ ရက်နေ့မှ စတင်ကာ ကျောင်းသူကျောင်းသားများကို ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိပြီး ယမန်နေ့နံနက် ၁ဝ နာရီက အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မွန်းလွဲပိုင်းတွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကော့ကရိတ်ခရိုင်ပြန်/ဆက် ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းနှင့် ဆုရရှိသူများကို လာမည့်စက်တင်ဘာ ၁၃ ရက်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


