ကော့ကရိတ်၊  ၇   ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၇) ရပ်ကွက်သက်သေခံ ပစ္စည်းများ ထားရှိနေရာတွင် ယနေ့ နံနက်(၉)နာရီချိန်က သိမ်းဆည်းရမိသော ဂိမ်းစက်၊မှန်ချပ်၊ CCTV အဟောင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှေ့တွင် ဘက်ဟိုးယာဉ်ဖြင့် ဖျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖျက်စီးသည့် ပစ္စည်းများသည် ကော့ကရိတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော လောင်းကစား ဂိမ်းရုံများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်နေ့က ခရိုင်ရဲမှူး ဦးစီးသော အဖွဲ့နှင့် နယ်မြေ ခံတပ်ရင်း တပ်ဖွဲ့၊ပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့သော ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် သက်သေခံ ပစ္စည်းများဖြစ်ပြီး ဂိမ်းစက်အဟောင်း(သုံးမရ)(၁၃)လုံး၊ မှန်ချပ်(၇)ချပ်၊ CCTV အဟောင်း (သုံးမရ)(၁၁)လုံးတို့ ဖြစ်သည်။

 

အဆိုပါ သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို ကော့ကရိတ်မြို့ မြို့နယ်ရဲမှူးဌေးရွှေ၊ မြို့မ စခန်းမှူး ဒုရဲမှူးကျော်စိုးလင်း ဦးစီးသည့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်လဝက ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ဆက် ဦးစီးဌာန၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ ရှေ့တွင်ပစ္စည်းများကို ဘတ်ဟိုး ယာဉ်ဖြင့် ဖျက်စီးခဲ့ပြီး ခင်နှင်းမူ သုသာန်အတွင်း အမှိုက်စွန့်သည့် ကျင်းထဲသို့ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)