ကော့ကရိတ်   သြဂုတ်   ၄

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ သြဂုတ် ၁ ရက်မှစ၍ မိုးအဆက် မပြတ်ရွာသွန်းကာ ဟောင်သရောမြစ်နှင့် ဂျိုင်းမြစ် ရေလျှံမှုကြောင့် ကော့ကရိတ်နှင့်   ကျုံဒိုးမြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းတို့တွင်  ရေများဝင်ရောက်လျက်ရှိသည်။

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းများဖြစ်သည့် အမှတ် (၁)၊ (၂)၊ (၄)၊ (၅)၊ (၆) ရပ်ကွက်တို့ရှိ နေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိသည်။ ထို့ပြင် အမှတ်(၅) ရပ်ကွက် စက်မှုသိပ္ပံကျောင်းတွင် ရေများ   ဝင်ရောက်လာသဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၀ ကို ကော့ကရိတ်မြို့နယ် မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက  ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကူညီပြောင်းရွှေ့ပေး ခဲ့ကြောင်း သိရသည်။               

ခရိုင်(ပြန်/ဆက်)