မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ များသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပျိုးမှိုများကိုလည်း စိုက်ပျိုးရောင်းချ ကြကြောင်း သိရသည်။
ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုဟူ၍ရှိပြီး ငွေနှင်း မှိုမှာ စားသုံးသူနည်း၍ ကောက်ရိုး မှိုမှာ စားသုံးသူများပြားကြောင်း၊ ကောက်ရိုးမှိုကို နေရာဒေသမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျပ်စက္ကူနှင့် နွားချေးများကိုအသုံးပြု၍ စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကောက်ရိုးမှို ၁၀ ပေါင်ခန့်အတွက် မျိုးထုပ် ၃-၄ ထုပ်ခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးပြီး နှစ်ပတ်ခန့် အကြာတွင် မှိုများကို စတင်နုတ်ယူ ရောင်းချနိုင်ကြောင်း၊ ကောက်ရိုးမှို ၁၀ ပေါင် စိုက်ပျိုးရာတွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျပြီး သက်တမ်းအားဖြင့် တစ်လခန့် နုတ်ယူရောင်းချနိုင် ကြောင်း၊ မှိုစိုက်ပေါင် ၁၀ ပေါင် လျှင် မှိုပိဿာချိန် ၁၀၀-၁၅၀ ခန့် ထွက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ မှိုစိုက်ခင်းသို့ လာရောက်ဝယ်ယူကာ ထိုမှ တစ်ဆင့် ဒေသတွင်းဈေးများသို့ ပြန်လည် ရောင်းချကြကြောင်း၊ မှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကာ အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။
DOCA (မန္တလေး)