ကျောက်ထု ၃၁ ဒီဇင်ဘာ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် စပါးများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ စပ်မျိုးနေကြာ ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဒေသမြေရာသီဥတုနှင့် ကိုက်ညီသော ရေဆင်း(၁)စပ်မျိုးနေကြာ ဧကပေါင်း နှစ်ထောင်ကျော် စိုက်ပျိုးလျက်ရှိပြီး မိအယ်ကျေးရွာ ကွင်းအမှတ် ၁၁ တွင် ဒေသခံတောင်သူ ၆ ဦး စိုက်ပျိုးထားသည့် စံပြကွက်သည် အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု၍ ပိုးမွှားအန္တရာယ် ကာကွယ်နိုင်ရေး ဆွေးနွေးခဲ့သည်။
မောဟေမာန် (ပြန်/ဆက်)