ကျောက်ထု အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့၌ စက်တင်ဘာလကုန်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ယောချောင်းမှ ရေသွယ်ယူသည့် မင်းလယ်တောမြောင်း အရှည် ပေ ၁၇၀ ခန့် မြေသား ပြိုပျက်အိကျ ပျက်စီးသည်များရှိရာ ကျေးရွာနေပြည်သူများ စုပေါင်းအားဖြင့် ပြန်လည်ပြုပြင်လျက်ရှိသည်။
မင်းလယ်တောမြောင်းသည် အရှည် ၃ မိုင်ခန့်ရှိပြီး ပန်းဆန်ကျေးရွာ၊ သရက်ချဉ်ကျေးရွာ၊ နသိုးကျေးရွာနှင့် ငါလွန်းကျေးရွာတို့ရှိ လယ်ယာမြေဧက ၅၀၀ ခန့်ကို အကျိုးပြုလျက်ရှိပြီး ရာသီမရွေး သီးနှံများ စိုက်ပျိုးနိုင်ရေး အကျိုးပြုလျက်ရှိသော ရေသွယ်မြောင်းဖြစ်ကြောင်း သိရသည်။
စိန်ကျော်