ကျောက်ထု၊  ၂၇  ဒီဇင်ဘာ

ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးတိုင်ဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့အဝင် ဂိတ်နေရာ၌ ယာဉ်မောင်းသူများနှင့် ခရီးသွားပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုကြရန်နှင့်  ခရီးသွားလုံခြုံမှုအတွက် ထောက်ခံချက်များပါရှိခြင်း ရှိ/မရှိ ကို ဒီဇင်ဘာ ၂၇ ရက်  နံနက်ပိုင်းက တာဝန်ရှိသူများ စောင့်ကြပ်ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ကျောက်ထုမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်းကာ Mask မပါသော ခရီးသည်များအား အခမဲ့ဝေပေးပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရေး ပညာပေးဆွေးနွေးခဲ့ကြသည်။

မောဟေမာန်(ပြန်/ဆက်)