ကျောက်ထု  ၁၂  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ဂန်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့နှင့် မင်းကြည့်ကျေးရွာတို့ ဆက်သွယ်သည့် မြေနီကျောက်ချောလမ်းဆောင်ရွက်မှု ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းအား ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ် သိန်း ၅၀ နှင့် မင်းကြည့်ကျေးရွာရှိ ပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုတို့ဖြင့် ရေထိန်းကွန်ကရစ်နံရံ ပေ ၃၀၀၊ အမြင့် ပေတည်ဆောက်ခြင်းနှင့် မြေနီကျောက်ချောလမ်း ပေ ၆၀၀ ခင်းခြင်းလုပ်ငန်းများ ပါဝင်သည်။

 

အဆိုပါလမ်းသည် ယခင်က ချောင်းရိုးတစ်လျှောက်သွားလာရပြီး မိုးတွင်းကာလတွင် ချောင်းရေကြီးမှုကြောင့် သွားလာရခက်ခဲကာ ယခုအခါ ရေထိန်းနံရံတည်ဆောက်ခြင်းနှင့် မြေနီကျောက်ချောလမ်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ရာသီမရွေး သွားလာနိုင်ပြီဖြစ်သည်။

 

အဆိုပါလမ်းသည် မင်းကြည့်ကျေးရွာသာမက ပေါက်ခေါင်းကျေးရွာ အပါအဝင် အရှေ့ဘက်ရွာ ၁၀ ရွာမှ ပြည်သူများ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုမည်ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာလျက်ရှိ ကြောင်း သိရသည်။

 

မောဟေမာန်(ပြန်ဆက်)