ကျောက်ထု ၃၀ ဇန်နဝါရီ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့နယ် ကွင်းခင်းကျေးရွာတွင် ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုလားပဲစိုက်ခင်းများကို သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြစ်ကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမည်ဟု မျှော်လင့်ကြောင်း ကုလားပဲစိုက်ပျိုးသူ ဦးမြင့်ဇော်က ပြောသည်။
ကျောက်ထုဒေသတွင် ကုလားပဲတစ်တင်းလျှင် ယခင်နှစ်က ငွေကျပ် ၁၈၀ဝ နှုန်းသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၂၃၀ဝ ဈေးပေါက်သဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)


