ကျောက်ထု ၂၀ သြဂုတ်
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ ဒေသခံအများပြည်သူများ ၏ ဈေးရောင်းဈေးဝယ် လုပ်ငန်းများ၌ စားသုံးသူများ၏ ကျန်းမာရေးနင့် ညီညွတ်စေရန် ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ဗန်ဒါဖက်၊ ငှက်ပျောဖက်နင့် စက္ကူများဖြင့် အသုံးပြုကြရန် ယနေ့ နံနက် ၇ နာရီက ဆီမီးခွက်ဈေးတွင် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး ၊ ကျောက်ထုမြို့ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ ၊ ကျောက်ထုမြို့ လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးအောင်နေဆန်း၊ မိခင်နှင့်ကလေး စောင့်ရှာက်ရေး အသင်းဝင်များနှင့် ဈေးကော်မတီအဖွဲ့ဝင်များ၊ ပူပေါင်းကွင်းဆင်း ဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြရာတွင် ဈေးသည်များ၏ကိုယ်စား ဒေါ်စန်းမြအေးက ပြန်လည်ပြောပြရာတွင် ဤကဲ့သို့လာရောက်ကြပြီး အသိပညာပေးကြသည့်အတွက်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
အဆိုပါအဖွဲ့သည် ဈေးခင်းများသို့ ကွင်းဆင်းစစ်ဆေးပြီးနောက် ပလပ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ အသိပညာပေး လက်ကမ်းစာဆောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း ကျောက်ထုပြန်ဆက်မှ သိရသည်။
MDN


