ကျောက်ထု ၂၁ ဇွန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်နှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့သည် ယမန်နေ့က ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြတ်ရတနာခန်းမတွင် လွှတ်တော်အတွေ့အကြုံများကို ပြည်သူများထံရှင်းလင်းသည်။
ထို့နောက် ဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးရာ ကျောက်ထု အထက ကျောင်းအုပ်ကြီး ဦးကီးဟုန်းက ကျောင်း၏ လိုအပ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးများတို့ကို တင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက ဆွေးနွေးကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN