ကျောက်ထု ၁၀ ဇွန်
သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဂန့်ဂေါခရိုင် ကျောက်ထုမြို့ နိုင်အောင်သူပညာရေးဘော်ဒါ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရန် အသိပညာပေးဇာတ်လမ်းကို ပရောဂျက်တာဖြင့် ပြသခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ ၂၅၀ ကျော် တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဟုန်းမာန် (ပြန်/ဆက်)