ကျောက်တော် ၂၆ ဇန်နဝါရီ
ကျောက်တော်မြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး မီးဘေးလုံခြုံရေးနှင့် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတို့ ပူးပေါင်းကာ ပြုလုပ်ကြသည်။

ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော မီးသတ်ဆေးဘူးများ၊ ရေပုံးများ၊ သဲပုံးများ၊ မီးချိတ်များ စသည့်တို့ကို တပ်ဆင်ထားရှိကြရန်နှင့် ဓာတ်ဆီ ဒီဇယ်ဆီ လောင်စာဆီရှိ/မရှိ စစ်ဆေးပြီး မီးဘေးအန္တရာယ် အသိပေးဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)
