ကျောက်တော် မတ် ၄
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာ၌ မတ် ၃ ရက် ညနေ ၅ နာရီ ၅၈ မိနစ်က မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ကျောက်တော်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ကျောက်တလုံးကျေးရွာတွင် နေထိုင်သော ဦးမောင်ဝေဖြိုးနေအိမ်အတွင်း လူစောင့်မရှိဘဲ ဟင်းအိုးတည်ထားခဲ့ရာမှ အနီးရှိထင်းပုံမှတစ်ဆင့် ထင်းအခြောက်လှမ်းစင်သို့ မီးကူးစက်လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးမောင်ဝေဖြိုး၏ နေအိမ်မှတစ်ဆင့် အနီးရှိ နေအိမ်လေးလုံး ကူးစက်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ဆုံးရှုံးမှုကြောင့် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး မီးဘေးသင့်ခဲ့ပြီး ကျေးရွာအတွင်းရှိ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တယာယီ နေရာချထားပေးလျက်ရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ဦးမောင်ဝေဖြိုးအား ကျောက်တော်မြို့၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်တော်(မြို့နယ်ပြန်/ဆက်)