စစ်တွေ အောက်တိုဘာ ၁

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက  ကျောက်တော်မြို့နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုက်ပွဲရှောင်များ ကူညီထောက်ပံ့ရေးနှင့်  မြို့နယ်ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများအတွက်  ဂုဏ်ပြုငွေ ကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊  အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ် သိန်း ၁၀၀ အား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် မြို့မိ၊ မြို့ဖများနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေး ပြောကြားကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် (၄၅) နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ မဟာကံကြီးရှင်ဘုရား၌ တိုက်ပွဲရှောင် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို သွားရောက် ကြည့်ရှုအားပေးပြီး တိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ အမျိုးသမီးသုံး ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာကံကြီးရှင် ဘုရားအတွင်းရှိ မေတ္တာဥယျာဉ် ပရဟိတကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွက် လိုအပ်ချက်များကို လျှောက်ထားကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ၌ တောင်သူငါးဦး၏ လယ်ဧက ၁၅ ဧကတွင် ပေါ်ဆင်းရင်စပါး မျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှု၊  အီးအင်ဘိုကာရှီ သဘာဝ မြေဆွေး ပြုလုပ်သရုပ်ပြသထားမှု၊ သဘာဝမြေဩဇာ ပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်းများ၊ သဘာဝမြေဩဇာ ပြုလုပ်ထားမှု နမူနာနှင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် မတ်ပဲနမူနာများ ပြသထားရှိမှုတို့ကို ကြည့်ရှုအားပေးကြပြီး တောင်သူများ၏ တင်ပြချက်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ရပ်နားတော်မူခဲ့သော သမိုင်းဝင် ကျောက်တော်တောင်ဘုရားနှင့် မဟာမြတ်မုနိ ဘုရားကြီးတို့အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီးနှင့် ရေချမ်းများ ကပ်လှူကာ ဘုရားဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန် အလှူငွေများ ထည့်ဝင်လှူဒါန်းကြကာ မဟာမြတ်မုနိဘုရား သိမ်တော် ဘက်စုံပြုပြင်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

mdn