ကျောက်တော် ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ကျောက်တော်မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ်အောင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ကျောက်တော်မြို့နယ် တာဝန်ခံ ဗိုလ်မှူးချုပ်အောင်သူဦးနှင့် အဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့်ဌာန ခုနစ်ခု အား ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် ၈၂၇၀၀၀၀ ကို လည်းကောင်း၊ ပညာရေးဌာနအတွက် အမှိုက်ပုံး ၂၅ ပုံးကိုလည်းကောင်း၊ ဌာနဆိုင်ရာများအား ဆန်အိတ်များကိုလည်းကောင်း၊ ကျောက်တော်တပ်နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် သံများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ကျောက်တော်မြို့နယ် တာဝန်ခံ ဗိုလ်မှူးချုပ်အောင်သူဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)