ကျောက်တလုံးကြီး ၊  ၁၂    ဒီဇင်ဘာ  

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရမှ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ဆွမ်းများ အခက်အခဲမရှိစေရန် ရည်ရွယ်၍ လှူဒါန်းလာသော ဆန်အိတ်များအား ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့် အဆိုပါစာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆန်အိတ် ၂၀ လှူဒါန်းလာရာတွင် ပင်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ဝိဒူရနှင့် ရပ်မိ၊ ရပ်ဖများက ပထမပင်တွန်စာသင်တိုက် ဆရာတော် ဦးဇောတိကထံသို့ ပြန်လည် လှူဒါန်းခဲ့ပြီးနောက် ဆရာတော်အား ဩကာသချိုးဖြင့် ကန်တော့၍ ငါးပါးသီလခံယူကာ ဆရာတော်မှ ချီးမြှင့်သည့် တရားတော်နာကြား ကြကြောင်းသိရသည်။

 

ယင်း ပထမပင်တွန် စာသင်တိုက်တွင် ရဟန်း ၁၅ ပါး နှင့် သာမဏေအအပါး ၄၀ တို့က သီတင်းသုံး လျှက်ရှိကြောင်း သိရသည်။

           

မြဝင်း(ပြန်/ဆက်)