ကျောက်တလုံးကြီး  ၁၂  ဇန်နဝါရီ

 

ကျောက်တလုံးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ အသိပညာ၊ နည်းပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် တောင်သူနည်းပညာပေး Knowledge Center တည်ဆောက်ခြင်း၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းပျိုး-ကုန်းရမ်း-ဟိုတပ် ကုန်ထုတ်လမ်း (၂/၆)မိုင် မြေသားလမ်းနှင့် ၂၅ ပေ x ၁၅ ပေ x ၈ ပေ ကွန်ကရစ်တံတား ဆောက်လုပ်မည့် မြေနေရာနှင့် ကျန်ရှိသည့် လမ်းပိုင်း(၁/၃)မိုင်ကို လုပ်ငန်းဆက်အဖြစ် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဦးစားပေး လျာထားပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာခဲ့ကြသည်။

 

mdn

 

အဆိုပါ တောင်သူနည်းပညာပေး Knowledge Center ကို ကျောက်တလုံကြီးမြို့ မွေတော်ကက္ကူ ဘုရားအနီးရှိ ကက္ကူကျေးရွာတွင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)