ကျောက်တလုံးကြီး ၁၃ ဇွန်
ကျောက်တလုံးကြီးမြို့နယ်ရှိ ထီခွကျေးရွာ ဘောလုံးအားကစားကွင်းနှင့် ကန်းတန်ကျေးရွာအားကစားကွင်း တည်ဆောက်ပြီးစီးမှုကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့နယ်၊ အရည်အသွေးစိစစ်ရေးကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထီခွကျေးရွာအားကစားကွင်းနှင့် ကန်းတန်ကျေးရွာ အားကစားကွင်းတို့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ Asia Junction ကုမ္ပဏီနှင့် ရွှေသိင်္ဂီဖြိုးကုမ္ပဏီတို့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၆ သန်းစီဖြင့် စတင်တည်ဆောက်ခဲ့ပြီး မေလတွင်ပြီးစီး၍ လုပ်ငန်းများအား ကျေးရွာသို့လွဲပြောင်းနိုင်ရေး ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကာ အရည်အသွေးစိစစ်ရေးကော်မတီမှ အားကစားကွင်းများတွင် Goal Score Board ထည့်သွင်း တည်ဆောက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံးကြီးမြို့၊ လမ်းလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံ ဦးဇော်မင်းသန်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်အာကာ(ကျောက်တလုံး)


