ကျောက်တလုံးကြီး ၁၀ ဇွန်      

            

၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များအခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ကျောက်တလုံးကြီးပျိုးဥယျာဉ်မှ ပျိုးပင်ပေါင်း ၁၈၀၀၀ ပင် ပျိုးထောင်ထားကြောင်း သိရသည်။

 

ဒေသနှင့်ကိုက်ညီသည့် အပင်များကိုသာ ပျိုးထောင်ထားရှိပြီး ပျိုးပင်များကို ယခုလမှ စတင်၍ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအပြင် အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ သစ်ပင်စိုက်ပျိုးနိုင်ရန် မြေဧကအလိုက် ပျိုးပင်များကို ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ သစ်တောဦးစီးဌာနမှ တာဝန်ခံ တောအုပ်ဦးမောင်လွင်ထံမှ သိရသည်။

 

ကျောက်တလုံးကြီးမြို့ သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် သစ်တောသစ်ပင် ၁၀၀၀၀ နှင့် နှစ်ရှည်သီးပင်စားပင် ၈၀၀၀  ပျိုးထောင်ထားရှိပြီး၊ ကျွန်း၊ ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မယ်စလီ၊ ထောပတ်စသည့် ပျိုးပင်ပေါင်း ၁၈၀၀၀ ကို ပျိုးထောင်ထား လျက်ရှိကြောင်း သိရှိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)