ကျောက်တံခါး၊ ၂၂ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများအား ဇွန် ၂၁ နံနက်ပိုင်းမှစတင်၍ ပင်စင်လစာငွေများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် အလှည့်ကျထုတ်ပေးခဲ့ကြောင်းသိရသည်။
ပင်စင်လစာများထုတ်ပေးရာ၌ ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်း ၃၀၀ ခန့် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကို မထိခိုက်စေရန် နေ့စဉ်ဘဏ်ဖွင့်သည့် နေ့တိုင်းနံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်မှ ၃၀ ရက်နေ့ထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


