နေပြည်တော် ၂၈ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အရ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီတွင် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန၊ တပ်မတော်တပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အိုင်တုံကွန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား ၆၄ ချောင်း (၇ ဒသမ ၅၂၇၆) တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမျိုး
