ကျောက်တံခါး    ဇူလိုင် ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၇/၂၀၂၁ အရ  ကျောက်တံခါး မြို့နယ်အတွင်းရှိ နယ်မြေခံရဲစခန်းများမှ  အကျဉ်းသား ၁၆ ဦး၊  အကျဉ်းသူ သုံးဦး စုစုပေါင်း ၁၉ ဦးအား   ဇူလိုင် ၂၂ ရက် ညနေပိုင်းက တာဝန်ရှိသူများက လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း အချုပ်ကျနေသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောက်တံခါး မြို့မရဲစခန်းအချုပ်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး၊ ပဲနွယ်ကုန်း နယ်မြေရဲစခန်းအချုပ်မှ အမျိုးသား ကိုးဦး၊ တောကျွဲအင်း နယ်မြေရဲစခန်းအချုပ်မှ အမျိုးသား သုံးဦး၊ ဖဒိုနယ်မြေရဲစခန်းအချုပ်မှ အမျိုးသား နှစ်ဦး စုစုပေါင်း ၁၉ ဦးတို့အား လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အချုပ်သားတရားခံများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများရှိ စခန်းမှုးများက နေအိမ်သို့ ကောင်းမွန်စွာပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ပေးခဲ့ပြီး ကိုဗစ်- ၁၉ စည်းကမ်းချက်များအတိုင်း သွားလာနေထိုင်ရေး၊ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်ကြစေရေး မှာကြားခဲ့ကြောင်းသိရသည်။

စန်းစန်း