ကျောက်တံခါး  ဧပြီ  ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက် (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ဧပြီ ၅ ရက် နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိကလေးငယ်များအား  မျက်စိအားဆေး၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင် အားဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

စန်းစန်း(ပြန်/ဆက်)