ကျောက်တံခါး     မေ     ၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားမွေးမြူရေးခြံများ၌ ယနေ့နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က အနီးကပ်ကြီးကြပ်၍  ကျေးရွာအတွင်း  မွေးမြူထားသာ  နို့စား ကျွဲ  ၃၁ ကောင်အား  လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေသနွားနှင့် နို့စားနွား ၂၅၂ ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသည်။

ကျောက်တံခါးမြို့နယ်၌ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နွားများအား မေထုန်မဲ့သားစပ်ခြင်း၊ ကျွဲ/နွား လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါများအတွက် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)