ကျောက်တံခါး  အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(  Sinopharm   ) ပထမ အကြိမ် ထိုးနှံရန်ကျန်ရှိသူများအား ယနေ့ နံနက်ပိုင်းက   မြို့နယ်စည်ပင်သာယာခန်းမတွင်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့်  မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများအပါအဝင် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်  အဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံပေးရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

  အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့ချောင်း၊ တောကျွဲအင်း၊ ပဲနွယ်ကုန်းနှင့် ဖဒိုတို့တွင်လည်းကာကွယ်ဆေးထိုးနှံပေးလျှက်ရှိသည်။ဆေးထိုးခြင်းအားကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက  ဆောင်ရွက်ပေးပြီး    ဆေးထိုးခြင်းမပြုမီ  လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်  တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေး ထိုးပြီးလျှင်ဆေးနှင့်ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါ က ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများကပြောကြားခဲ့ပြီး ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာစောင့်ကြပ် ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။

စန်းစန်း