ကျောက်တံခါး နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ နိုဝင်ဘာ ၁ ရက်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောက်တံခါးမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ထားရှိမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးစကား ပြောကြားပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးကြသည်။ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများ ပြန်လည်တက်ရောက်လျက်ရှိကြောင်း သိရသည်။
စန်းစန်း


