ကျောက်တံခါး  ဇွန် ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့က ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင်ကျေးရွာ ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၃) မိုင် (၆) ဖာလုံအနီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသန ညွှန်ကြားရေးမှူး ဦးစိုးတင် - ၁ နှင့် ဝန်ထမ်းသုံးဦး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း ၂၅ ဦး၊ ကြာအင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ ၈၀၊  စုစုပေါင်း ၁၀၈ ဦးတို့ဖြင့် ကျွန်း ၁၀၂၅ ပင်၊ မန်ဂျန်ရှား ၂၆၄ ပင်နှင့် သီးပင်စားပင်များဖြစ်သည့် ကျွဲကော ၉၄ ပင်၊ ပိန္နဲ ၈၄ ပင်၊ သရက် ၈၄ ပင် စုစုပေါင်း ၁၅၅၁ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)