ကျောက်တံခါး ၂၉ ဧပြီ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဧပြီ ၂၆ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် ပြိုလဲနေအိမ်နှင့် အမိုးလန်နေအိမ်များအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံပေးအပ်ခြင်းကို ဧပြီ ၂၉ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းကြောင့် ကွင်းမြောက်ရပ်ကွက်၊ ကွင်းတောင် ရပ်ကွက်နှင့် ကျေးရိုးကျေးရွာအုပ်စု၊ လက်ခံကျေးရွာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ သမင်အင်းကုန်း ကျေးရွာအုပ်စုတို့တွင် အမိုးလန်နေအိမ်(၅၃)လုံး ပြိုလဲ နေအိမ်(၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၂၇၀ဝ၀ဝ နှင့်လူဦးရေ(၅၀) အတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ကျပ် ၁၀၅၀ဝ၀ နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးတို့အား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ဦးစီးမှုး ဒေါ်ခိုင်ဇင်သန့်နှင့် ဝန်ထမ်းများက ပြည်သူများထံ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


