ကျောက်တံခါး  ဇန်နဝါရီ  ၁၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။ 

 

ရှေးဦးစွာ အခြေခံပညာအအထက်တန်း (တောကျွဲအင်း)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမင်းလတ်က မီးဘေးအန္တရာယ်မဖြစ်ပေါ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  မြို့နယ်ကြက်ခြေနီအဖွဲ့မှ တပ်ဖွဲ့မှူး ဦးဆန်းလွင်က ကြက်ခြေနီအဖွဲ့ဖြစ်ပေါ်လာပုံနှင့် ကြက်ခြေနီအဖွဲ့၏ဆောင်ရွက်ချက်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်က မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေးနဲ့ပတ်သက်သည့်အကြောင်းအရာများအား အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)