ကျောက်တံခါး  ၂၈ မတ်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ဒဂုံရွှေမန်းလမ်းရှိ မြတ်ရတနာကားဂိတ်တွင် ယနေ့ နံနက်ပိုင်းက ခရီးသည်များအား (COVID-19)ရောဂါနှင့် ပတ်သက်ပြီး အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

 

11504

 

အလားတူ ကျောက်တံခါးဘူတာတွင်လည်း ရထားဆိုက်ရောက်ချိန်တွင် ခရီးသည်များအား အပူချိန်တိုင်း ကိရိယာဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

20023

 

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းဇော်ထွေး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးမင်းမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျ ဆရာဆရာမများ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီ အဖွဲ့များ လူမှုရေးပရဟိတအဖွဲ့များ သတင်းမီဒီယာများ စေတနာရှင် ပြည်သူများမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)

 

1250