ကျောက်တန်း  ၁၇ ဇူလိုင်


(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့်ရုပ်သံပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန် တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့နယ် အီလက်ထရောနစ် စာကြည့်တိုက်ခန်းမရှေ့၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

 

1

 


အဆိုပါ (၇၂) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင်ရုပ်သံပြပွဲ၊ ဈေးရောင်းပွဲတော်တွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အီလက်ထရောနစ် စာကြည့်တိုက်ဥက္ကဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်ပြီး စာကြည့်တိုက်ခန်းမအတွင်း ပြသထားသော အာဇာနည်ခေါင်းဆောင်များ၏ နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှတ်တမ်းများ၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည် ခေါင်းဆောင်များ၏ ဈာပနအခမ်းအနားကျင်းပနေသည့် ရုပ်သံပြသနေရာသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။


အခမ်းအနားတွင် မြို့ပေါ်ရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ NGO အသင်းအဖွဲ့များ၊ ပြည်သူများက ခန်းမအတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ဓာတ်ပုံများ၊ ရုပ်သံများ ဝေဝေဆာဆာ ပြသထားသည်။


အဆိုပါ ပြပွဲကို ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သုံးရက်တိုင်တိုင် ပြသသွားမည်ဖြစ်ကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ကြိုးပမ်းခဲ့ကြပုံများအား ယနေ့ လူငယ်လူရွယ်လေးများ သိရှိအတုယူ တတ်စေရန် ရည်ရွယ်၍ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပပေးခြင်းဖြစ်ကြောင်း အီလက်ထရောနစ် စာကြည့်တိုက် ဥက္ကဌ ဦးမြင့်ငွေက ပြောသည်။


နန်းအေးခိုင်(ရန်ကုန်)