ကျောက်တန်း ၉ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် မြို့နယ်အတွင်းရှိ ရွှေကုန်းရပ်ကွက်၊ ဆင်ကံရပ်ကွက်၊ ကွမ်းခြံစုရပ်ကွက်နှင့် စံချိန်မှီ ရပ်ကွက်များရှိ အသင်းသားပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် (၁၈၁၃) ဦးအတွက် ဆီ (၁၈၁၃) ပိဿာ၊ ဆား (၁၈၁၃) ထုပ်၊ ဟင်းခတ်မှုန့် (၁၈၁၃) ထုပ်နှင့် ကြာဆံထုပ် (၃၆၂၆) ထုပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၂.၂၃၇)သိန်းအား လက်ဝယ်အရောက် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
MDN


