ကျောက်တန်း မတ် ၁၉

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

 

ဦးစွာ ကျောက်တန်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးစောရွှေကျော်က ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာနှင့်ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပညာပေး ဟောပြောသည်။

 

ထို့နောက် တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း(ကျောက်တန်း)