ကျောက်တန်း မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အသင်းတောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သမဝါယမအသင်းစုခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အသင်းသားတောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်၊၊
ထို့နောက် တာဝန်ရှိသူများက အသင်းသားတောင်သူများကိုယ်စား စွမ်းအားရှင် လယ်/ ထွေ သမဝါယမအသင်းဥက္ကဋ္ဌထံသို့ မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ပေးအပ်သည်၊၊
အခမ်းအနားသို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာများ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်ထွန်း(ကျောက်တန်း)


