တံတား  ၂၄  အောက်တိုဘာ 

 

စိုက်ပျိုးရေးမွေးမြူမွေးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ပလတ်စတစ်ခြင်းရက်လုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ အသက်မွေးပညာ သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်က တက်ရောက်ဖွင့်လှစ်ပေးပြီး ယင်းသို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းဆရာမ ဒေါ်စမ်းစမ်းနွဲ့က သင်တန်းသူ ၄၀ ဦး တက်ရောက် သင်ကြားပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၃ ရက် မှ  ၂၅ ရက် ထိ  ၃ ရက်ကြာကာလ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။

 

တင်နိုင်ဝင်း(တံတား)