ကျောက်တန်း ၂၇ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကွင်းပေါက်ကျေးရွာ၊ ကျေးရွာလုံးကျွတ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်တာဝန်ခံ ဦးနိုင်နိုင်စိုးက လျှပ်စစ်မီး အသုံးပြုတတ်စေရေးအတွက် အသေးစိတ် ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်မျိုးထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ရွာလုံးကျွတ်မီးလင်းရေး ထရန်စဖော်မာရှေ့တွင် တာဝန်ရှိသူ အသီးသီးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
MDN