ရန်ကုန် မေ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အမှာစကားပြောကြား

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ကို ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကျော်(ပြန်/ဆက်)