ရန်ကုန်၊ ၆   ဇန်နဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို  ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်  အမှတ်(၃၂၇/ ၃၆၇) မဟာဗန္ဓုလ ပန်းခြံလမ်း၊ အထက်ဘလောက်ရှိ အဆိုပါ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကု  ဆေးခန်း အဆောက်အဦ၌ ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

ဆက်လက်၍ လူမှုဖူလုံရေး-ကဲဝလ်အထွေထွေရောဂါကုဆေးခန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းဆိုင်းဘုတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုတ်နှိပ်ဖွင့်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဆေးခန်းအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ Care Well Medical Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမူယာညွန့်တို့က လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းဖွင့်လှစ်ရခြင်း၊ ဆေးကုသပေးမည့် အစီအစဉ် များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ Care Well Medical Co.Ltd၊ Valves ဆေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ယင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)