ရန်ကုန် မတ် ၆

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အမှာစကားပြောကြားပြီး မြို့နယ်ထောက်ပံ့ရေးအဖွဲ့ ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက ထောက်ပံ့ငွေများ ပေးအပ်နိုင်မှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့်တာဝန်ရှိသူများက ကျောက်တံတား မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၁၆၀ အား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် သုံးလစာထောက်ပံ့ငွေကျပ် ၉၆၀၀၀၀၀ ကို ပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ပြည်သူများက လက်ခံရယူပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။                                  မြို့နယ်(ပြန်/ဆက်)