ကျောက်တံတား ၁၀ မေ
ယနေ့ ညနေ ၄ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက် (၃၃)လမ်းနှင့် (၃၄)လမ်းကြား အနော်ရထာလမ်းမကြီးတွင် ဆိုင်ခန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်ယာဉ် Level-1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နန်းနွဲ့သိဂီ (ပြန်/ဆက်)