နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ယခင်အခါက ပုံနှိပ်မီဒီယာများသာရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် မိုဘိုင်းအင်တာနက်ကွန်ရက်များ ဖွံ့ဖြိုးတိုးတက် လာမှုနှင့် အတူ အင်တာနက်သုံးစွဲမှုနှင့် လူမှုကွန်ရက်သုံးစွဲမှုတို့သည်လည်း များပြားလာပါသည်။
အဆိုပါ အင်တာနက်၊ လူမှုကွန်ရက်တို့ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အသုံးချ၍ သတင်းမှန်များ မျှဝေခြင်း အပါအဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ကြသူများရှိသကဲ့သို့ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်၊ အခြေအနေအရပ်ရပ် တည်ငြိမ်မှုမရှိစေရန်နှင့် ထိုသို့ ထိတ်လန့်ကြောက်ရွံ့မှုအပေါ် အခွင့်ကောင်းယူကာ စီးပွားရေး အကျိုးအမြတ်အပါအဝင် အကျိုးအမြတ်များ ရရှိစေရေးအတွက် မသမာသူများက ကောလာဟလ သတင်းတု၊ သတင်းမှား များနှင့် လွှဲမှားသော ကျန်းမာရေးအယူအဆများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကိုလည်း တွေ့ရှိနေရပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)၊ ဝန်ကြီးဌာန ၏ လူမှုကွန်ရက် (facebook) စာမျက်နှာ (Ministry Of Health And Sports Myanmar)၊ Myanmar CDC facebook page အပါအဝင် ဦးစီးဌာနအသီးသီး၏ facebook page များမှ သတင်းများ၊ ကျန်းမာရေးအသိပညာ အချက်အလက်များနှင့် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။
အလားတူ ပြန်ကြားရေးဝန်ကြီးဌာန၏ ပူးပေါင်းမှုဖြင့်လည်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် သတင်းများ ပုံမှန် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခု ??????????? ??????? ???? (?????-??) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရာတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနများ၊ ဆေးရုံများမှ သတင်းအချက်အလက်များကို ကွန်ရက်ချိတ်ဆက်ရယူခြင်း၊ ကောလာဟလသတင်းများနှင့် ပတ်သက်၍ သတင်းအရင်းအမြစ် စုံစမ်းစိစစ်ခြင်းများကို မိမိတို့၏ ဝန်ထမ်းများမှ အားထုတ်ကြိုးပမ်းလုပ်ဆောင်ကာ ပြည်သူများထံ နေ့စဉ် သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။
ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ eHealth Division အနေဖြင့်လည်း Myanmar Facebook Team နှင့် တွေ့ဆုံ၍ လူမှုကွန်ရက်တွင် ဖန်တီးဖြန့်ဝေနေသော ကောလာဟလသတင်းမှားများကို ဖယ်ရှားရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ဥပမာအားဖြင့် အောက်ဖော်ပြပါ facebook account ကဲ့သို့ account အချို့မှ ??????????? ??????? ???? (?????-??) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့်လူနာများနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းများကို ဖြန့်ဝေလျက်ရှိကြောင်းကို တွေ့ရှိနေရပါသည်။ ထိုသို့ မဟုတ်မမှန်သတင်းများကို ဖြန့်ဝေနေခြင်းသည် လူ့ကျင့်ဝတ်များနှင့် လည်းမညီပဲ အများပြည်သူအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ လူနာနှင့် လူနာ၏ မိသားစုဝင်များအား အလွန်နစ်နာစေခြင်း တို့သာမက လူနာအား မိမိတို့ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ခြေရှိသည့်ကြားမှ အနီးကပ် ကြိုးပမ်းကုသစောင့်ရှောက်ပေး လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအားလည်း ထိခိုက်နစ်နာစေလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန် ချက်များနှင့် နိုင်ငံတော်မှ အသိအမှတ်ပြုထားသော တရားဝင် သတင်းမီဒီယာများမှ သတင်းများကိုသာ ယုံကြည်ကြပါရန်နှင့် ကောလာဟလ သတင်းမှားများကို ထပ်ဆင့်ဖြန့်ဝေခြင်းများမှ ရှောင်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။