လိပ်သို ၈ နိုဝင်ဘာ
ကရင်ပြည်နယ်၊ လိပ်သိုမြို့တွင် ကော်လားဖောင်ဒေးရှင်း(KAWLAR FOUNDATION)မှ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများ၏ တာဝန်ခံ နော်သဲစုမြင့်နှင့် အဖွဲ့ဝင်များသည် လိပ်သိုဒေသကျေးရွာ (၁၀)ရွာမှ အမျိုးသမီးကော်မတီ (၁၀)ဖွဲ့အား မျိုးစေ့များနှင့် စိုက်ပျိုးရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ကျောင်းကုန်းလမ်းခွဲကော်မတီ ဥက္ကဌ နော်ရုသ၏ နေအိမ်၌ ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအမျိုးသမီးကော်မတီဝင်များက လက်ခံရယူခဲ့သည်။
အဆိုပါ ကော်လားဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းကျေးရွာများရှိ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးရန်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် စွမ်းရည်မြှင့်တင်ပေးခြင်း ဆိုင်ရာ နည်းပညာပေးခြင်း၊ အသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊ တစ်ဦးချင်းပံ့ပိုးပေးခြင်း၊ စုပေါင်း ဝင်ငွေတိုးတက်စေရန် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးခြင်းနှင့် အိမ်ခြံမြေ ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက်ပံ့ပိုးပေးခြင်းကို တာဝန်ခံ နော်သဲစုမြင့်က အသေးစိတ်ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)


