ဝါရှင်တန် ဇွန် ၂
အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်၌ အစ္စရေးလိုလားသော ဆန္ဒပြသူများကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားတစ်ဦးက ကော်လိုရာဒိုပြည်နယ် ဘော်လ်ဒါမြို့ရှိ ဆန္ဒပြသူလူအုပ်အတွင်းသို့ ဓာတ်ဆီ ပုလင်းဗုံးကို ပစ်ပေါက်ခဲ့သည်ဟု ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(အက်ဖ်ဘီအိုင်)က ဇွန် ၁ ရက် တွင် ပြောသည်။ ထိုကဲ့သို့ ပစ်ပေါက်မှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအပါအဝင် အသက် ၅၂ နှစ်မှ ၈၈ နှစ်ကြားရှိ ထိခိုက်ဒဏ်ရာရရှိသော ရှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် အစ္စလာမ္မစ်ဟားမားစ်အဖွဲ့က ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထိန်းသိမ်းထား သော ဓားစာခံများကိုပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အခင်းဖြစ်ပွားချိန်တွင် ပစ်ပေါက် တိုက်ခိုက်သူက ပါလက်စတိုင်း လွတ်မြောက်ပါစေဟု ဟစ်အော်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြော သည်။ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ကတ်ရှ်ပါတဲလ်က ၎င်းသည် ပစ်မှတ်ထားသော တိုက်ခိုက် မှုဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
အာဏာပိုင်များက အသက် ၄၅ နှစ်အရွယ် အဆိုပါအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားသည်။ ၎င်းအမျိုးသားလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ ပစ်ပေါက်တိုက်ခိုက်မှု လုပ်ဆောင်ရခြင်း၏ နောက်ကွယ်ကအကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အစ္စရေး တပ်မတော်သည် ဂါဇာကမ်းမြောင်ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရပြီးနောက် သီတင်းနှစ်ပတ်မပြည့်မီတွင် ထိုကဲ့သို့ ပစ်ပေါက်တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်န်အိတ်ချ်ကေ