ဒန်ဗာ ဇန်နဝါရီ ၃

 

အမေရိကန် အနောက်ပိုင်း ပြည်နယ် ကော်လိုရာဒိုပြည်နယ်တွင် တောမီးလောင်မှုကြောင့်  နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

 

ဒီဇင်ဘာ ၃၀ ရက်တွင် ဒန်ဗာမြို့အနီး မြက်ခင်းပြင်မှ စတင်၍ တောမီးလောင်ခဲ့ခြင်း ဖြစ်သည်။  လေပြင်းများ တိုက်ခတ်မှုကြောင့်လည်း အိမ်နီးချင်းမြို့များသို့တောမီး ကူးစက်ပျံ့နှံ့ခဲ့သည်။  အနည်းဆုံး လူပေါင်း ၃၀၀၀၀ ထက်မနည်းကို ကယ်တင်နိုင်ခဲ့သည်ဟု ဒေသခံအာဏာပိုင်များ  က ပြောသည်။

 

မီးသတ်သမားများသည် မီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့ ပြီဖြစ်သည်။ နေရပ်ရွှေ့ပြောင်းရသူများသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ပြန်လာကာ ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနိုင်ပြီဖြစ်သည်။

 

အမျိုးသားတစ်ဦးကမူ ၎င်းနေအိမ်မှာ လုံးဝပျက်စီးဆုံးရှုံး သွားခဲ့သည်ဟု သိရသည်။ မီးစတင် လောင်ရသည့် အကြောင်းကို စုံစမ်းမှုများနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများ စတင်နေပြီဟုလည်း ဒေသခံရဲများက ပြောသည်။

 

ကြေညာချက်ထုတ်ပြန်

 

ကော်လိုရာဒို တောမီးကို အဓိက သဘာဝဘေးအန္တရာယ်အဖြစ် သမ္မတ ဂျိုးဘိုင်ဒင်က အသိအမှတ် ပြုခဲ့ကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

အင်န်အိတ်ချ်ကေ