ကောလင်း ၂၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က လွတ်လပ်ရေးနေ့အကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း(မင်းချမ်း) ကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃၆ ဦး ဝင်းရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့်တွင် "အစဉ်မမေ့ လွတ်လပ်ရေးနေ့"၊ အလယ်တန်းအဆင့်တွင် "ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ" စသည့်ခေါင်စဉ်များဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ဆုရကျောင်းသား ကျောင်းသူများအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျင်းပမည့် (၇၂)မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)