ကောလင်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ကောလင်း ၂၇ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် လူစည်ကားရာနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ ပြည်ပမှပြန်လာသူများအား Facility Quarntine များ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

 

2952

 

ထိုသို့ဆောင်ရွက်ရာတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို Facility Quarntine ပြုလုပ်မည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘူတာရုံ၊ ကောလင်း-မန္တလေး (RPE) အမြန်ရထား၊ ကောလင်းမြို့ မီးရထားရဲစန်းနှင့် ခံသာကားဂိတ်တို့တွင် ဒါနမောင်မယ်ပရဟိတအသင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

5208

 

ကောလင်းမြို့နယ်၌ ပြည်ပမှပြန်လာသူ ၄၂ ဦးအား ယနေ့မှ စတင်၍ Facility Quarntine ဆောင်ရွက်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်မှုတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် အလှူရှင်များမှ ပူးပေါင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်သည်။ 

 

5905

 

ကောလင်းမြို့၌ Covid-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိရာ အလှူရှင်များမှ ငွေကျပ် ၁၀ သိန်းကျော် လှူဒါန်းထားရှိပြီးဖြစ်ကြောင်း လုပ်ငန်းအထောက်အကူ ပြုအဖွဲ့ဝင် ဦးဆန်းအောင်ထံမှ သိရသည်။

 

ကိုကိုမောင်(ကောလင်း)